စာကလေးခွေရောင်းချသည့် စာရိတ္တကောင်းမွန်သူ ဦးအောင်ဝင်းအား ဂုဏ်ပြုပွဲ ကျင်းပပေး

အောင်မြေသာစံ ဧပြီ

၇၃ လမ်း င်္ဂလာမန္တလေးအနီး၌ ပိုက်ဆံအိတ်ကောက်ရသဖြင့် ပိုင်ရှင်ရှာဖွေပေးအပ်သူ ဦးအောင်ဝင်းအား ဂုဏ်ပြုပွဲကို ယမန်နေ့ မွန်းလွဲ နာရီက မန္တလး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ (အရှေ့) ရပ်ကွက်၊ ၈၂ လမ်း  ၂၂× လမ်းကြားရှိ လမ်းပြသူ အစ္စလာမ်ဘာသာရေးနှင့် လူမှုအကျိုးပြုအသင်းအဖွဲ့ကြီး (AL-HAADI CENTER- MYANMAR) ရုံးခန်းတွင် ကျင်းပပြုလုပ်ရာ အသင်းကြီး၏ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်ထွေး (နှလုံးနှင့်သွေးကြော ခွဲစိတ်ကုဌာန-ဆေးတက္ကသိုလ်၊ မန္တလေး) က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဂုဏ်ပြုစကားပြောကြားကြသည်။

ထို့နောက် ပိုက်ဆံအိတ်ကောက်တွေ့သူ ဦးအောင်ဝင်းက ပိုင်ရှင်ကိုရှာဖွေပေးအပ်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး ပိုက်ဆံအိတ်ပိုင်ရှင် ဒေါ်သဲသဲက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ဦးအောင်ဝင်းအား ပါမောက္ခ ဒေါက်တာခင်မောင်ကျော် (ဆီးနှင့် ကျောက်ကပ် အထူးကုဆရာဝန်ကြီး) က အသင်းကြီး၏ ဂုဏ်ပြုလွှာကိုလည်းကောင်း၊ အငြိမ်းစား ပြည်နယ် စာရင်းစစ်ချုပ် ဦးမြင့်ရွှေက အသင်းကြီး၏ ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ သီးခြား အလှူရှင်များဖြစ်ကြသည့် Ever Sweet အချိုရည်၊ တော်ဝင်သဇင်လက်ဖက်နှင့် ပဲလှော်ကြော်န့် ငွေဇင်ယော်အချိုရည်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီး ဂုဏ်ပြုပေး အပ်ကြ သည်။

အခမ်းအနားသို့ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်လတ်နှင့် အမှုဆောင် များ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်းသိရသည်။

မြင့်မော်ထွန်း (အောင်စံ-ပြန်/ဆက်)