မြစ်ကြီးနားမြို့၌ အင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဧပြီ ၂၅

ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့် တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်ပွဲကို မြစ်ကြီးနား မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည့်။

အဆိုပါ သင်တန်းတွင်ကို ဧပြီလ ၂၅ ရက်နေ့မှ မေလ(၂၅) ရက်နေ့ထိ (၁)လကြာ အခြေခံ အင်္ဂလိပ်သဒ္ဒါ (Gramar) ရေးသားနည်းနှင့် ဝေါဟာရ၊ စကားစုများ (Vocabulary) သင်ကြားပို့ချ သွားမည်ဖြစ်ပြီး မြစ်ကြီးနားမြို့အတွင်းရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)