နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်းသိရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်

နွားထိုးကြီး စက်တင်ဘာ ၂

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးဌာန နွားထိုးကြီးမြို့နယ်ရုံးမှ တာဝန်ရှိသူများသည် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့်အကြောင်များ သိရှိစေရန် အသံချဲ့စက်ဖြင့် ယနေ့နံနက် ၈ နာရီအချိန်ကစ၍ နှိုးဆော်ပေးကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက် လက်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများတိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များဖြစ်သည့် လူစုလူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ကြရန် အပြင်မှပြန်လာပြီးတိုင်း လက်ကိုစနစ် တကျ ဆေးကြောသန့်စင်ကြရန် စသည့်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)