တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ

တပ်ကုန်း    ဧပြီ  ၂၄

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက စ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန်၍ ကျောင်း၏ကြော်ငြာ သင်ပုန်းတွင် ကြေငြာပေးထားရာ ကျောင်းသား မိဘများ၊ ကျောင်းသူ/သားများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ထိုစာမေးပွဲအောင်စာရင်းများ ကြေငြာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG)တန်းမှ စ၍ (Grade-10)တန်းအထိ (တက္ကသိုလ်ဝင်တန်း မပါ)၊ အတန်းလိုက် အောင်စာရင်းများကို  ကြေငြာပေးထားခဲ့ပြီး၊ ၂၀၂၂ခုနှစ်၊ မေလ(၂၆) ရက်နေ့မှ စတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းသူ/သားများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်