မာန်အောင် ဧပြီ ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ထားကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်း၊ အထက(ခွဲ)(၆)ကျောင်း၊ အလက(၇)ကျောင်း၊ အလက(ခွဲ)(၄)ကျောင်း၊ အမက(မူလွန်)(၁၅)ကျောင်း၊ အမက(၇၈)ကျောင်း၊ မ(ခွဲ)(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း၊ စုစုပေါင်း(၁၁၉)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)