ကျိုင်းတုံမြို့၌ မွေးမြူရေးဆိုင်ရာ သိကောင်းစရာ Talk Show  ဆွေးနွေးပွဲပြုလုပ်

ကျိုင်းတုံ ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးဆိုင်ရာ သိကောင်းရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁  နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေမှူး ဒေါ်ခင်သန္တာထွေးက မွေးမြူရေးဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြာရေးမှူး ဒေါက်တာ မျိုးနိုင်က ဒေသအတွင်း မွေးမြူရေးတိရစာ္ဆန်များအား ကူးစက်ရောဂါ ကာကွယ်ဆေး ကြိုထိုးနှံပေးမှု အခြေအနေများ၊ ဆေးအမျိုးအစားနှင့် အကျိုးကျေးဇူးများ၊ ဌာနမှမွေးမြူရေး တောင်သူများအား မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းများ ဆောင်ရွက်ပေးနေမှုများ စသည့် မွေးမြူဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)