လွိုင်လင်မြို့နယ်၊ ပန်မုန့်ကျေးရွာအုပ်စု၊ နောင်ဟိုင်းကျေးရွာတွင် ဌာနဆိုင်ရာလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဟောပြောပွဲကျင်းပ

လွိုင်လင် ဧပြီ ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပန်မုန့်ကျေးရွာအုပ်စု၊ နောင်ဟိုင်းကျေးရွာ အုပ်ချုပ်ရေးမူးရုံးတွင် ယနေ့ ၉ နာရီ ခွဲအချိန်က မြို့နယ်အဆင့်ဌာနဆိုင်များ စု‌ပေါင်းပြီး ဌာနဆိုင်လုပ်ငန်းများနှင့် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဠ်မှ အဖွင့်အမှာစကား ပြောကြားပေး ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့ဌာနနှင့် သက်ဆိုင်သော အကြောင်းအရာများအား ဟောပြောဆွေးနွေးပေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသော ရွာသူ၊ရွာသားများမှ မိမိတို့သိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီး သက်ဆိုက်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)