မြစ်သား စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသည့်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၉) ဦး၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အမည်တင်သွင်းထားသည့် ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စား လှယ်လောင်း (၅) ဦး၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀-က) များအား မြစ်သားမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကပ်ထားကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒနယ်မြေအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)