မြစ်ကြီးနား ဧပြီ ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စည်ပင်သာယာ ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့တွင်း လှည့်လည် ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့တော်ခန်းမဝင်းအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့၏ ပျိုး ဥယျာဉ်ခြံအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့တွင်း လမ်းမများ၏ ဘေး/ဝဲယာတွင် စိုက်ပျိုးသွားမည့် သပြေဘူတ၊ ပုန်းညှက်၊ ခရေ၊ ရေတမာ၊ သပြေ၊ မန်ဂျန်ရှားစသည့် အရိပ်ရ သစ်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အောင်ဇေရန်အောင် ဘုရားရှေ့မီးတိုင်နှင့် မြေယာရှုခင်းပြုလုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ရွှေပြည်သာရပ်ကွက်အတွင်း မြို့တွင်း အများပြည်သူ သွားလမ်းများပေါ်တွင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုမရှိစေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စနစ်တကျဖြင့် ကုန်စည်တင်/ချပြုလုပ်နိုင်ရေးအတွက် ကုန်တင်ယာဉ်ကြီးများ ရပ်နား စခန်းဆောင်ရွက်သွားမည့် လျာထားမြေနေရာ အခြေအနေနှင့် အဆိုပါမြေနေရာအတွင်း ဈေးနှင့် ကုန်စည်သိုလှောင်ရုံ ထည့်သွင်းတည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြပြီး မြို့မဈေး (၁)နှင့် (၂)တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဈေးအရန်မီးသတ် တပ်ခွဲစုဖွဲ့ဆောင်ရွက်ထားရှိမှုနှင့် ဈေးပတ်ပတ်လည်တွင် ရေပိုက်များ တပ်ဆင်သွယ်တန်းထားပြီး ရေပိုက်များ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်