သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ (စာပေးစာယူ)ပထမနှစ် သင်တန်း(၁/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း  ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တွင် ဧပြီ(၂၀)ရက်နေ့မှ မေ(၂၅)ရက်နေ့ထိ ပညာရေးဘွဲ့ (စာပေးစာယူ) ပထမနှစ် သင်တန်းအား ဖွင့်လှစ်ပို့ချသင်ကြားလျက်ရှိရာ ယမန်နေ့၊ နံနက်(၉)နာရီ၊ ပညာနေခြည်ခန်းမ၌ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနား ကျင်းပသည်။

 ကြိုဆိုပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇေဝဏ္ဏလှိုင်နှင့်အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက် ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်မှ ဩဝါဒအမှာစကား ပြောကြားခဲ့သည်။

 ဆက်လက်၍ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ငြိမ်းသီအောင်မှ သင်တန်းသား/သူများအား ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊  နိုင်ငံ့သားကောင်းများ ပေါ်ထွန်း လာစေရေးအတွက် မွေးထုတ်သင်ကြားပေးရမည့် ဆရာ၊ ဆရာမများသည် စံနမူနာ ယူထိုက်သည့် ဆရာ၊ ဆရာမများ ဖြစ်ပေါ်လာစေရေးအတွက် ယခုသင်တန်းအား ဖွင့်လှစ် သင်ကြားပို့ချရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တွင် ယခုဖွင့်လှစ်သင်ကြားသည့် ပညာရေးဘွဲ့ စာပေး စာယူ(ပထမနှစ်) သင်တန်း အမှတ်စဉ်(၁/၂၂)သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်များမှ  မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ၊ ဆရာမ(၃၁၇)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး