မော်လမြိုင် စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုမှ အရည်အသွေးမြင့်သစ်များ ထုတ်လုပ် သုံးစွဲနိုင်ရန်နှင့် ရရှိလာသော အကျိုးအမြတ်များကို အခြေခံသမဝါယမအသင်းရှိ အသင်းသားများအား ခွဲဝေပေးခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန်ဂျန်ရှား သစ်မျိုးပင်များကို မော်လမြိုင်မြို့နယ် မုရောင်းကျေးရွာရှိ အသင်းပိုင်စိုက်ပျိုးရေးခြံတွင် စိုက်ပျိုးထားကြောင်းသိရှိရသည်။
အဆိုပါ နှစ်ရှည် ကြီးမြန်သစ်ပင်ဖြစ်သော မန်ဂျန်ရှားပင်(၂၉၀၀)ပင်ကို အသင်းပိုင်စိုက်ပျိုးရေး ခြံတွင် စိုက်ပျိုး ထားပြီး ယခုအခါ(၃)လသားအရွယ်ရှိ အပင်များသည့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုမှ စိုက်ပျိုးထားသော မန်ဂျန်ရှားသစ်မျိုးပင်သည့် ၈ နှစ် သက်တမ်းရှိလာပါက ရောင်းတန်းဝင် အရည်အသွေးမီ သစ်အမျိုးအစား တစ်ခုဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)