"ရုံးသုံးမြန်မာစာ ရေးသားနည်း"စာအုပ် စာဖတ်ဝိုင်း ကျင်းပခြင်း

ချမ်းမြသာစည်  ဧပြီ ၂၂

ဆရာ မောင်ခင်မင်(ဓနုဖြူ)၏ "ရုံးသုံးမြန်မာစာ ရေးသားနည်း" စာအုပ်စာဖတ်ဝိုင်းကို  ယနေ့ နံနက် ၁၁ နာရီက မန္တလေးခရိုင်၊ချမ်းမြသာစည် မြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက စာအုပ်စာပေများကိုဖတ်ရှု့ လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများရရှိ  စေရန် ၊ရုံးလုပ်ငန်း များ၊ရုံးစာများရေးသားရာတွင်အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စာဖတ် ဝိုင်းကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးစာအုပ်တွင် ပါဝင်သည့် "အစည်းအဝေးမှတ်တမ်း"နှင့် "ရုံးတွင်းအမိန့်စာ"  ခေါင်းစဉ်များကို  ဦးဆောင် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က" အမိန့်ကြော်ငြာစာ"နှင့်"နှိုးဆော်စာ" ခေါင်းစဉ်များကိုလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်ခင်မာဦး က"ပေးစာ"နှင့်" အမှာစာ"  ခေါင်းစဉ်များကိုလည်းကောင်း၊ အငယ်တန်းစာ‌ရေး‌ ဒေါ်ခိုင်ခင်ဦးက "ရုံးတွင်းစာ" ခေါင်းစဉ်ကိုလည်းကောင်း အသီးသီး ဖတ်မှတ်ဆွေးနွေးခဲ့ကြသည်။    

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုး သူများနှင့်ပူးပေါင်း၍ အများပြည်သူများ ဖတ်ရှု လေ့လာသင့်သည့် သုတရသစာအုပ်ကောင်းများ ကို ရွေးချယ်ကာ စာဖတ်ဝိုင်း/စာပေဆွေး‌နွေးပွဲများက ကျင်းပဆောင်ရွက်နေခြင်းနှင့်အတူ ၀န်ထမ်းများ၏စွမ်း‌ဆောင်ရည် မြင့်မား‌စေရေးအတွက် သက်ဆိုင်ရာစာအုပ်များကိုလည်း စာဖတ်ဝိုင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာဖတ်ဝိုင်းသို့ ချမ်းမြသာစည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများက ကျင်းပ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း( ပြန်/ ဆက် )