အလုံမြို့နယ်၌ (၂၅)ကြိမ်မြောက်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

အလုံ       ဧပြီ    ၂၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် (၂၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့​မွန်းလွဲ ၁ နာရီအချိန်မှစတင်ကာ အလုံမြို့နယ်၊ ငုဝါလမ်းရှိ မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရားဝင်း၊  အေးချမ်းဖြိုးဓမ္မာရုံတွင် ကျင်းပပြုလုပ်​ကြောင်းသိရသည်။

​အဆိုပါပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲကို မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရား၏ ဂုဏ်ထူးဆောင်နာယက အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့်ဇနီးတို့အား အမှူးထား၍ မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရားဂေါပကအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဧပြီလ ၂၁ ရက်​နေ့မှစတင်ကာ ဧပြီလ ၂၂ ရက်​နေ့အထိ(၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်​ကြောင်း သတင်းရရှိသည်။

တင်တင်ချို(ပြန်/ဆက်)