အောင်မြေသာစံ ဧပြီ ၂၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်အမှ တ်(၃၁)၊ ဒေါ်ဖီဓမ္မာရုံ တွင် ယနေ့နံနက်(၉)နာရီက အသက် ၁၅နှစ်နှင့် ၁၈နှစ်ကြားရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံပေးရာ ဒေါနဘွားရပ်ကွက်ရှိ မုန်တိုင်း ဓမ္မာရုံတွင် ၈၅၀ ဦး၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုးခန်းဓမ္မာရုံတွင် ၁၃၀၀ ဦး၊ ပြည်ကြီးကျက်ရေ အနောက်ရပ်ကွက်ရှိ ရွှေကျီးနား ဓမ္မာရုံတွင် ၇၅၀ ဦး၊ ၁၂ လမ်း၊ ၇၇လမ်းထောင့်ရှိ ထားဝယ်ဓမ္မာရုံတွင် ၂၂၀ ဦး၊ စုစုပေါင်း ၃၉၇၀ ဦးအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ခင်လေးဝါ၊ သားဖွား ဆရာမဒေါ်အိုင်းရစ်လေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးခဲ့ရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)