စမ်းချောင်း ဧပြီ ၂၂
စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ ရရှိစေရေး အတွက် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှ တဆင့်လွှင့်တင် အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားနှင့် ရေကို ခြိုးခြံချွေတာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက Talk Show ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးစောစိုးမင်းခိုင်မှ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာသုံးစွဲခြင်း ဆိုရာတွင် မလိုအပ်ပဲ အသုံးမပြုခြင်းကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် နေ့ခင်းမှာ မလိုအပ်ပဲ လျှပ်စစ်မီးဖွင့်ထားခြင်း သို့မဟုတ် ရေစက်ကို ရေတင်ထားပြီး မေ့သွားခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်တွေဟာ လျှပ်စစ်ကို မလိုအပ်ပဲသုံးစွဲခြင်း ဖြစ်သလို ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားခ ပိုမိုပေးဆောင်ရတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါကြောင်း စသည်ဖြင့် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာ သုံးစွဲခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း