ကမာရွတ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

ရန်ကုန်     ဧပြီ ၂၂

လူငယ်၊ လူရွယ်များ ​နွေရာသီ​ကျောင်းပိတ်ကို အကျိုးရှိစွာဖြင့် အသုံးချတတ်​စေရန်နှင့် စာဖတ်ခြင်းဝါသနာများ စာ​ပေကိုချစ်မြတ်နိုး​သောစိတ်များအား မြှင့်တင်​ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်ကစတင်ကာ ကမာရွတ်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်စိမ်းလဲ့က စာဖတ်စွမ်းရည်ပြုလုပ်​ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားပြီး သင်တန်းဆရာက စာဖတ်ခြင်းဖြင့်ရရှိ​သောပညာဗဟုသုတများအ​ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းများအ​ကြောင်းကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ​ ကျောင်းသား/သူ (၂၀)ဦးဝင်​ရောက်​ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်​ပေးခဲ့​ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့(ပြန်/ဆက်)