မိုင်းရယ်မြို့ အဝင်/ထွက် ဂိတ်များတွင် ခရီးသွားယာဉ်များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်များကိုင်ဆောင်ခြင်း ရှိ၊မရှိ စစ်ဆေး

မိုင်းရယ် ဧပြီ ၂၂

မိုင်းရယ်မြို့သို့ ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်များ ကိုင်ဆောင်သွားလာခြင်း ရှိ၊ မရှိကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့အဝင်၊ ထွက်ဂိတ်များတွင် စစ်ဆေးသည်။

မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လဝက၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် လားရှိုး၊ တန့်ယန်းမှ မိုင်းရယ်သို့ဝင်သည့် မြို့အဝင်ဂိတ်တွင်လည်းကောင်း၊ မိုင်းရယ်အထွက် ကျေးသီးသွားဂိတ်တွင်လည်းကောင်း၊ မိုင်းရယ်အထွက် သီပေါသွားဂိတ်တွင်လည်းကောင်း ခရီးသွားပြည်သူများအား ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)