တာချီလိတ်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အသိပညာပေး Talk Show ကျင်းပ

တာချီလိတ်  ဧပြီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စနစ်တကျ အမှိုက် စွန့်ပစ်ခြင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  Talk Show တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရခြင်း၏ အဓိကအချက်(၂)၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ စွန့်ပစ်အမှိုက်များ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ် ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ်၏ ပတ်ဝန်းကျင်ကို သက်ရောက်စေသည့်ဆိုးကျိုးများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် အသုံးပြုမှုနှင့်ပတ်သက်ပြီး လိုက်နာ ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက အသေးစိတ်ဆွေးနွေး ပြောကြားသည်။

အဆိုပါ အသိပညာပေး Talk Show ကို  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)