နမ္မတူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် တင်ဆက်ပေး

နမ္မတူ ဧပြီ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တင်ဆက်ပေးလျက်ရှိရာတွင် ယနေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်မှ ဇာတ်ညွန်း မြမြသန်း၊ သရုပ်ဖော်စိုးဇော် (ဆူးထက်အောင်)၊ စာတည်း ကြည်ကြည်မြင့်၏ မွေးကြိုင်သော လေလည်နံ မြန်မာ့ရိုးရာပုံပြင်အား ရိုက်ကူး၍ နမ္မတူမြို့နယ်ပြည်သူ့စာကြည့်တိုက် (Page) တွင် ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်အပန်းပြေစေရန်၊ အကျင့်စာရိတ္တများပိုမိုကောင်းမွန်လာစေရန်၊ တီထွင်ကြံဆမှုများ မြင့်မားလာစေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ မြန်မာစကားထာ၊ စကားပုံများရွတ်ဖတ်ခြင်းနှင့် အခြားသိသင့်သိထိုက်သည့် အကြောင်းအရာများအား ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)