ကျောက်ဆည် ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး နှင့် အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ ပေး ဟောပြောပွဲကို ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးများသည် နိုင်ငံတော်၏ အနာဂတ်များ ဖြစ်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားကြစေလိုကြောင်းနှင့် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးသူငယ်များ၏ အသက်အရွယ်၊ အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ယူရေး တိုက်တွန်းစီစဉ်ပေးရေးစသည့် အကြောင်းအရာများနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ် သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ဖြစ်စေခြင်းမှ ပိုမိုကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများအား ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးရေးအစီအစဉ်ဖြစ် အသိပညာပေး ဟောပြောပွဲများနှင့် ပြိုင်ပွဲများကျင်းပပေးခြင်း၊ သင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး