နောင်ချိုမြို့၌မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်လှစ်

နောင်ချို ဧပြီ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  စျေးရပ်ကွက်ဓမ္မာရုံ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဉ်(/၂၀၂၂)ကို ယနေ့နံနက် နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စျေးရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားနှင့်အတူ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ကျောက်မဲခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက ယနေ့ဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံသင်တန်းသည် အိမ်တိုင်းအိမ်တိုင်း တက်ရောက်သင့်ကြောင်း၊ မိသားစုတစ်စုတွင် အနည်းဆုံးတစ်ဦး ရှေးဦးပြုစုခြင်းကို အခြေခံ တတ်ထားသင့်ကြောင့် မိမိ၏မိသားစုသာမက ပတ်ဝန်းကျင်ကိုပါ ကူညီစောင့်ရှောက်နိုင်ကြောင်းပြောကြားခဲ့သည်  ဆက်လက် မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ​ဒေါ်ချယ်ရီမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ လုပ်ဆောင်ချက်များအား  ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ သင်တန်းသားများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၃ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)