ရှင်ဗွေယန် ဧပြီ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိ ပညာပေး Talk Show ကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာချို က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Talk Show အစီအစဉ်ကို ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြည်သူများ အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်တွင် ပူးပေါင်းပါဝင် လာကြစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကျန်းမာရေးဦးစီးဌာန၊ ရှင်ဗွေယန်မြို့တိုက်နယ်ဆေးရုံမှ သူနာပြုဆရာမ (TN) ဒေါ်အိအိဝင်းက ကိုဗစ်-၁၉ ရောဂါ၊ တုတ်ကွေးနှင့် သာမန်အအေးမိရောဂါတို့၏ ကွဲပြားခြားနားသည့် လက္ခဏာများ၊ မိသားစုထဲ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရလျှင် ပြုစု စောင့်ရှောက်ရန် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူတိုင်းထိုးနှံ သင့်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးနောက် ဖြစ်ပေါ်လာတတ်သော နောက်ဆက်တွဲ လက္ခဏာများကိုလည်း သတိထားသင့်ကြောင်း ဆွေးနွေးခဲ့သည်။
ရှင်ဗွေယန်(ပြန်/ဆက်)