တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နွေရာသီအခြေခံ ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

တနိုင်း ဧပြီ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့တွင် မူလတန်းကလေးများအတွက် အခြေခံ ပန်းချီသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီလ (၄) ရက်နေ့ နံနက် (၁၀) နာရီမှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

အဆိုပါ သင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီပညာကို စိတ်ပါဝင်စားသော ကလေးငယ်များ အခြေခံမှ စတင်ပြီး ပျော်ရွှင်စွာ လေ့လာနိုင်ရေးတို့ကို ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်းနှင့် သင်တန်းနည်းပြ  ဦးကောင်းထက်လွင်က ပန်းချီပညာ အခြေခံ ရေးဆွဲနည်းများ သင်ကြား ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံ ပန်းချီသင်တန်းတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ သင်တန်းသား (၄၀)ဦးဖြင့် ဧပြီလ (၄) ရက်နေ့မှ မေလ (၂၀)ရက်နေ့အထိ သင်းကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)