တောင်ကြီးမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

တောင်ကြီး ဧပြီ ၂၂

ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး ၆ လပြည့်သူများအား ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့တော်ခန်းမတွင် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် တောင်ကြီးမြို့နေ ကာကွယ်ဆေးထိုးပြည်သူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ထိုးနှံခြင်းကို မြို့တော်ခန်းမတွင် ဧပြီလ ၂၁ ရက်မှ ၂၃ နေ့အထိ ၃ ရက် တိုင်တိုင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများအနေဖြင့် Covishield /Sinopharm ဆေးထိုးပြီး ကတ်ပြားနှင့် မှတ်ပုံတင်ယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။

ဇော်နိုင်လင်း