မိုင်းငေါ့ ဧပြီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းငေါ့မြို၌ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှါးရမ်းခြင်းအား ပုံမှန်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှု့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ် ပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ ဆောင်ရွက်ခြင်းတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သတ်သည့် သုတ၊ရသ စာအုပ်များ၊ မဂ္ဂဇင်း၊ဝတ္ထုစာအုပ်များအား ငှါးရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)