ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အားကစားလှုပ်ရှားမှုအစီအစဉ် ရိုက်ကူးထုတ်လွှင့်

နမ့်ဆန် ဧပြီ ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက အားကစားလှုပ်ရှားမှု အစီအစဉ်အဖြစ် အားကစားအကများကို ပညာရေးဌာနနှင့် ပူးပေါင်း၍  Online မှထုတ်လွှင့်ရန်  ရိုက်ကူးခဲ့ပါသည်။

ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် အားကစားအကများသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့်အတွက်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ စိတ်အပန်းပြေစေရန်၊ လူငယ်လူရွယ်များ၊ သက်ကြီးကျန်းမာရေး လေ့လာလိုက်စားသူများနှင့် မိမိတို့နေအိမ်၌ ကိုယ်လက်လှုပ်ရှားအားကစားများကို လိုက်ပါဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး အဆိုပါအားကစားနည်းများကို Morning Fitness Dance အဖွဲ့ဝင်များက  ကပြခဲ့သည်။

အဆိုပါ အားကစားလှုပ်ရှား အစီအစဉ် ရိုက်ကူးမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်ဒေသအဆင့်ရုံးမှ ဖွင့်လှစ်ထားသော We Love Namhsan Page  တွင် Online မှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)