သီပေါမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်း(၈၇.၃၁)ရာခိုင်နှုန်းထိရှိလာ

သီပေါ      ဧပြီ ၂၂

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ပြည်သူ(၉၅၆၂၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ယနေ့နံနက် ၉ နာရီခွဲက  မြို့ပေါ်ရပ်ကွက်၊ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နေ ပြည်သူများအား မြို့လယ်ဓမ္မာရုံ ဆေးထိုးစုရပ် နေရာတွင်လည်းကောင်း ၊    ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ် နေရာများတွင်လည်းကောင်း ထိုးနှံပေးလျက်ရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် စေခြင်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ စစ်ဆေး ပေးခြင်းများ ဆောင်ရွက်၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ(၁၀၉၅၁၇)ဦး    ရှိသည့်အနက် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ(၉၅၆၂၉)ဦး၊ ဆေးထိုးနှံရန် အကျုံးဝင်ပြီး ဆေးလုံးဝမထိုးနှံရသေးသူ(၁၃၈၈၈)ဦးနှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးသည့် ရာခိုင်နှုန်း(၈၇.၃၁)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း  မြို့နယ်ကိုဗစ်၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)