မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယိုရိုက် ကူးတည်းဖြတ်နည်းသင်တန်း ဆင်းပွဲကျင်းပ

မန္တလေး ဧပြီ ၂၂

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗီဒီယိုရိုက်ကူး တည်းဖြတ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပ သည်။

ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး သင်တန်း နည်းပြ ဦးထွန်းထွန်းနိုင်က သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း ဘာသာရပ်အား စာတွေ့၊ လက်တွေ့ လုပ်ဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သင်တန်း သားများ၏ မေးမြန်း ချက်များအား ပြန်လည်ဆွေး‌နွေးပြီး သင်တန်းသားများ ရိုက်ကူးခဲ့သည့် သတင်းဗီဒီယိုများကို စစ်ဆေးကာ လိုအပ်ချက်များကိုရှင်းလင်း‌ ဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းကိုသင်တန်းသား၊ သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၃)ရက်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)