မိုင်းယောင်း ဧပြီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး ဆော်ဩအသိပညာပေးအဖွဲ့က ယနေ့နံနက် ၈ နာရီခွဲတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ကြောင်း သိရသည်။
ဦးတည်အုပ်စုအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် သွားရောက်ဆက်သွယ်၍ အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန်နှင့် မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(MASK)ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးပဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသောအခန်း၌နေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာကြပါရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း