မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများကို Onlineမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိ

မိုင်းလုံ        ဧပြီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက  ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များကို  အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Pageများတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက် ရှိပါသည်။

ယနေ့တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို ပုံပြင်များ ကလေးဘဝကတည်းက စိတ်တွင်စွဲထင် ကျန်ရစ်နေစေရန်၊ ကူညီတတ်သော စိတ်ထားရှိစေရန်၊  စာအုပ်စာပေနှင့် အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာမေမွန်၏ "ကြင်နာတက်တဲ့ ယုန်ကလေး" စာအုပ်ဖြင့် ပုံပြင်ပြောဆိုခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။

ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန်  စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍  Online  မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)