တနိုင်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

တနိုင်း ဧပြီ ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့၊  မြန်မာ့စီးပွားရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို  ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက် ရှိရာ ဧပြီလ  ၂၁ ရက် မှ ၂၈ ရက်နေ့အထိ  နံနက် (၈:၀၀)နာရီ မှ မွန်းလွဲ (၂:၀၀)ထိ ထုတ်ပေးသွား မည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၅၃၅)ဦးရှိ‌ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)