လှည်းကူး ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီ က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးနွဲ့ က ပြည်သူများအသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဝင်းမြတ် က အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်းဖြင့် အကြမ်းဖက်မှုပပျောက် ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှုပပျောက်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်တတ်စေရန် စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့်ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေါ်အေးအေးနွဲ့(ပြန်/ဆက်)