သိန္နီ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင် သိန္နီမြို့ နမ္မတူချောင်းပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးတောင်သူများနှင့် ပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စိုက်ပျိုးရေးတောင်သူများ၏ စိုက်ပျိုးမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးဝင်းမင်းလတ် ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးတင်မော်သန်း (ဒုတိယညွှန်ကြားရေးမှူး)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးနေလင်းထွန်း (အုပ်ချုပ်ရေးမှူး)၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးရာဇာအောင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစောသိန်းထိုက်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများသည် သိန္နီမြို့နမ္မတူချောင်းဘေးတွင် စိုက်ပျိုးလျက်ရှိသော တောင်သူများနှင့် တွေ့ဆုံကာ နမ္မတူချောင်းမှ ရေရယူသုံးစွဲမှုအခြေအနေ၊ သီးနှံများအထွက်တိုးစေရေးအတွက် ထပ်တိုးသီးနှံစိုက်ပျိုးမှုအခြေအနေ၊ သီးနှံများစိုက်ပျိုးထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသော တောင်သူ(၇)ဦးက မိမိတို့၏ သီးနှံစိုက်ပျိုးမှုအခြေအနေများ၊ ထပ်တိုးသီးနှံစိုက်ပျိုးမှုအခြေအနေများနှင့် အခက်အခဲများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
စောဥမ္မာ(သိန္နီ)