ရန်ကင်းမြို့နယ်တွင် ပြည်သူများအား   ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Booster (Astra Zeneca)ကို ဆက်လက်ထိုးနှံပေ

ရန်ကင်း   ဧပြီ      ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ Siopharn ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster (Astra Zeneca)ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီ က အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်း သာသနာ့ဗိမာန်တော်ကြီးတွင်  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ထိုးနှံပေးလျက်ရှိရာ ဧပြီ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ နံနက် ၉ နာရီမှစတင်ကာ Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို ဦးတည်အုပ်စုများအလိုက် ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာနမှန်ထမ်းများ၊  မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင် များက ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ် ဆေးထိုးနှံပြီး နောက်လည်း လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမှု မှတ်တမ်း စာရင်း ရေးသွင်းကောက်ယူခြင်းနှင့် Siopharn ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များ ပြန်လည်ပေးအပ်ခြင်းတို့ကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

ရန်ကင်းမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

အိရွှေစင် ( ပြန် / ဆက်)