တန့်ယန်းမြို့နယ်တွင် သင်ရိုးသစ် Grade 5  ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်

တန့်ယန်း ဧပြီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အခြေခံပညာအတွက် သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ (TOT) (Training of Trainor) Online သင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ zoom meeting ဖြင့် ဖွင့်လှစ်ပြုလုပ်သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဆရာဆရာမ (၂၈)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာစသည့် ဘာသာရပ်များကို အသီးသီးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)