ကျိုက်ထို ဧပြီ ၂၀
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပြီးဧပြီ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင်ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာထွန်းမှ ကလေးအလုပ်သမားအဖြစ် သတ်မှတ်ပုံ၊ ကလေးအလုပ်သမားများကို ခိုင်းစေ နေသည့် အလုပ်ရှင်များလိုက်နာရမည့် ဥပဒေများ၊ စက်ရုံအလုပ်ရုံများတွင် ကလေးအလုပ်သမားနှင့် ပက်သက်သည့် ညွှန်ကြားချက်များ၊ ကလေးအလုပ်သမားပပျောက်အောင် ဆောင်ရွက် သင့်သည့် နည်းလမ်းများ၊ မိဘများအပေါ် အကြံပြုချက်များကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အေးယုဝေ(ကျိုက်ထို)