ရန်ကုန် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများ ရောဂါကာကွယ် SHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တက္ကသိုလ်များ ဆေးရုံအရေးပေါ်နှင့် ပြင်ပလူနာဌာနတို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန် ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရ သေးသည့် အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေးထိုးနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရပါသည်။
စိမ်းလဲ့(ပြန်/ဆက်)