ဆွမ်ပရာဘွမ် ဧပြီ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်နှင့် အင်တားဂလူကျေးရွာများ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက ဦးဆောင်လျက် ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်နှင့် ဆွမ်ပရာဘွမ်မြို့နယ် အင်တားဂလူကျေးရွာအုပ်စု၊ အင်တားဂလူကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော မိဘပြည်သူများနှင့် ကာကွယ်ဆေးထိုးရန် အကျုံး ဝင်သောသူများအား ၄င်းတို့နေအိမ်များသို့ အရောက် တစ်အိမ်တက် တစ်အိမ်ဆင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လိုက်လံကွင်းဆင်းထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)