မင်းပြား ဧပြီ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့က မြို့နယ် ပညာရေးမှူးရုံးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား မူလတန်းသင်ရိုးသစ် ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ(TOT)Online သင်တန်းကို Online စနစ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါသင်တန်းကို (၂၀-၄-၂၀၂၂) ရက်နေ့မှ (၂၅-၄-၂၀၂၂) ရက်နေ့ အထိ(၆)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး မင်းပြားမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ နည်းပြဆရာ၊ ဆရာမ(၄၈)ဦး တက်ရောက်သင်ကြားခဲ့သည်။
မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ် (Grade-5) သင်ကြားမည့်ဆရာ၊ ဆရာမများအား သင်ကြားမှု၊ သင်ယူမှု ပိုမိုထိရောက်စေရေးအတွက် မေလ(၁၀)ရက်နေ့မှ မေလ(၁၃) ရက်နေ့အထိ သင်တန်းတက်ရောက်ခဲ့သည့် နည်းပြဆရာ၊ ဆရာမ(၄၈)ဦးမှ ထပ်ဆင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းနုအောင်