Grade -5 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြ(TOT)သင်တန်းဒလမြို့နယ်၌ ဖွင့်လှစ်သင်ကြား

ဒလ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင်  Grade-5 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြ(TOT) Online သင်တန်းကို ယမန်‌နေ့နံနက် ၉ နာရီမှ စတင်၍  မြို့နယ်ပညာရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံလူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိအပြင် ကာယပညာများကို ဧပြီ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၆)ရက်ကြာ သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ ( TOT)Online သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ OnLine စနစ်ဖြင့် တက်ရောက်သင်ယူပြီး သင်တန်းပြီးမြောက်ပါက အဆိုပါ နည်းပြဆရာ/ဆရာမများမှ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

သင်တန်းတက်ရောက်ခဲ့သည့် လက်ထောက်မြို့နယ်ပညာ‌‌ရေးမှူး၊ မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမ (၁၆)ဦးမှတစ်ဆင့် မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ်(Grade-5)သင်ကြားမည့် ဆရာ၊ ဆရာမများအား ထပ်ဆင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။

ဒလ( ပြန်/ဆက်)