မိုင်းရယ်မြို့နယ်၌ အခြေခံပညာ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) သင်တန်း ဖွင့်လှစ်ပို့ချ

မိုင်းရယ် ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်‌မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) သင်တန်းကို ယနေ့နံနက်ပိုင်းက မိုင်းရယ်မြို့နယ်ပညာရေးမှူးရုံးတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ ဆရာ(၇)ဦး၊ ဆရာမ (၉)ဦး၊ စုစုပေါင်း (၁၆)ဦးတက်ရောက် သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics၊ ဘာသာရပ်ဖွဲ့စည်းပုံ၊ Video lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာပြုလုပ်နည်းနှင့် ပလပ်စတစ်အိပ်ကလေးခရီးစဉ် အစရှိသည့်ခေါင်းစဉ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး၊ အဆိုပါသင်တန်းတက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခုသင်ခန်းစာများအား ပြန်လည်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ် (Grade-5) (TOT) online သင်တန်းကို ဧပြီလ (၂၀) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့ အထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်