စဉ့်ကိုင် ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ထောက်ပံရန်ပုံငွေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စဉ့်ကိုင်မြို့နယ် တောမကျေးရွာအုပ်စု၊ ပတ္တာကျေးရွာတွင် စီမံကိန်းစက်ဝန်း တစ်နှစ်ပြည့်မြောက်ပြီး ဒုတိယအကြိမ် ချေးငွေထုတ်ချေးနိုင်ရန်အတွက် ချေးငွေယူရမည့်စာရင်း များအား ပွင့်လင်းမြင်သာစွာ ပြည်သူသိရှိနိုင်စေရန်အတွက် ကျေးရွာကြော်ငြာသင်ပုန်းတွင် ကြေညာထားရှိမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေါ်ခင်မာစန်း ၊ ဦးစီးအရာရှိနှင့် စီမံကိန်းဝန်ထမ်းများမှ ယနေ့ နံနက်(၁၀)နာရီ က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပတ္တာကျေးရွာတွင်အိမ်ခြေ(၁၇၃)၊ လူဦးရေ(၇၅၃) ဦးနေထိုင်လျှက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအား ၂၀၂၀-၂၀၂၁တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာအိမ်ထောင်စု(၁၇၄)စုအနက်မ (၁၃၁)စုတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၄၈)ဦးနှင့် မွေးမြူရေး လုပ်ကိုင် သူ(၈၃)ဦးသည် အတိုးနှုန်းသက်သာစွာဖြင့် ရယူသုံးစွဲခွင့်ရရှိသဖြင့် ကျေးရွာသူ/သားများမှ ယခင်ကထက် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာပါကြောင်း ရရှိလာသော တိုးငွေ များမှာလည်း ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြန်လည်သုံးစွဲနိုင်မည်ဖြစ်သဖြင့် ကျေးရွာတွင်လိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဦးသန်းမြင့်ထံမှ သိရသည်။
ညိုညိုဝင်း