ဝမ်းတွင်းမြို့နယ်Community Centre ခန်းမတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဝမ်းတွင်း ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centreခန်းမတွင် ယနေ့နံနက်ပိုင်းက စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်မူမြစောမှ ယခုလို စာအုပ်စာစောင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နံရံကပ်စာစောင်တွင် ပြသထားသော လျှပ်စစ်မီးချွေတာသုံးစွဲရေး အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ စာအုပ်စာစောင်ပွဲ တွင် ဆွေမျိုးပေါက်ဖော်၊ငွေတာရီ၊ မြဝတီ၊သုတအလင်း၊ နိုင်ငံဂုဏ်ရည်၊ တိုင်းရင်းသားရေးရာ၊ ကမ္ဘာတလွှားမိတ်ဆွေများ၊ အဖြူရောင်ပုံပြင်နှင့် အခြားပုံပြင်များ၊ မောင်မောင်၏ လက်ဆေးကဗျာ၊ ပင့်ကူနီစုံထောက်ကြီး၊ လောဘကြီးသော ပျားကလေး ၊ရွှေစောင်းသံ ၊ပြည်ထောင်စုအမွေ၊ ပစ်မှတ်၏ဗဟိုချက်၊ ကလေးတို့ဖတ်စရာနိုင်ငံတကာပုံပြင်များ၊နှလုံး သားဖြင့်နားဆင်ပါ၊ လသငယ်လမ်းညွှန်၊ အသက်ရှည်ပါစေ၊ နာမည်နှင့်မြန်မာအစရှိသော စာအုပ်စာစောင် များကိုခင်းကျင်းပြသခဲ့ရာ စာပေဝါသနာရှင်များက လာရောက်လေ့လာ ဖတ်ရှုခဲ့ပြီး ပြပွဲအပြီးတွင် လျှပ်စစ်မီးချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင် ပြသထားမှုများကို ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်မူမြစော၊ ဒုတိယဦးစီးမှူးဦးမြင့်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင် (ပြန်/ဆက်)