ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ်(Grade-5) နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်

မောင်တော  ဧပြီ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တော မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) နည်းပြ(TOT)Online  သင်တန်းကို ယမန်နေ့၊ နံနက်(၉)နာရီမှ စတင်၍ မြို့နယ်ပညာ ရေးမှူးရုံးတွင် ခန်းမတွင် Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းကို ဆရာ၊ ဆရာမများအား သင်ကြား၊ သင်ယူမှုတို့နှင့်ပတ်သက်၍ သင်ရိုးသစ် (Grade-5) သင်တန်းကို  လာမည့် စာသင်နှစ်တွင် ပဉ္စမတန်း ကျောင်းသား/သူများအား သင်ကြား ပေးနိုင်ရန်အတွက်  ပဉ္စမတန်း သင်ရိုးသစ်ကို မိတ်ဆက်ပေးရန်၊ သင်ရိုးသစ်လေ့လာရာတွင် အလယ်တန်းအဆင့် သင်ရိုးချိတ်ဆက်မှုများကို သိရှိစေရန်  ဘာသာရပ်အားလုံးတွင် ပါဝင်သော သင်ယူ မှု အကြောင်းအရာများနှင့်  သင်ယူမှုလုပ်ငန်းများသည် မူလတန်းအဆင့် ကျောင်းသား/သူများ၏ ကျွမ်းကျင်မှု အရည်အသွေးများကို တိုးစေပြီး အလယ်တန်းအဆင့် သင်ကြားရတွင် အဆင်သင့်ဖြစ် စေရန်  ရည်ရွယ်ချက်များဖြင့် ပို့ချပေးကြောင်းသိရပြီး သင်တန်းကို  ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာ ဘာသာရပ်အား ဆက်လက်ပို့ချပေးလျက်ရှိရာ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ဘာသာရပ်များအလိုက်  စုစုပေါင်း (၅၂)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်းနှင့်  သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ (၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)