ကျောက်မဲမြို့နယ်၌ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) online သင်တန်း ဖွင့်

ကျောက်မဲ ဧပြီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) online သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကျောက်မဲမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နည်းပြများအဖြစ်‌ဆောင်ရွက်မည့်  မြို့နယ်အတွင်းရှိ ဆရာ/ ဆရာမ ၃၇ ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါသင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များက သင်ရိုးသစ် (Grade-5) ဘာသာရပ်များအလိုက် သင်ခန်းစာများကို Online မှတဆင့်   ဧပြီလ(၂၀) ရက်မှ(၂၅)ရက် နေ့အထိ  သင်ကြားပို့ချသွားမည်ဖြစ်သည်။

ယင်းသင်တန်းမှ  သင်တန်းတက်ရောက် ပြီးမြောက်သည့် ဆရာ၊ ဆရာမများမနေဖြင့် နည်းပြ အဖြစ်ဆောင်ရွက်၍ မြို့နယ် အတွင်းရှိ ပဉ္စမတန်း(Grade-5) သင်ရိုးသစ် သင်ကြားမည့် ဆရာ/ဆရာမများအား မေ ၁၀ ရက်နေ့တွင် ထပ်ဆင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကျောက်မဲမြို့နယ်တွင်အခြေခံပညာအလယ်တန်းအဆင့်(Grate-8) သင်ရိုးသစ် ဗဟိုအဆင့်နည်းပြ Online သင်တန်းကိုလည်း ဧပြီ ၂၈ ရက်နေ့မှစ၍ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)