လားရှိုး ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသော အသက်(၁၈)နှစ် အထက်သံဃာတော်များနှင့် သီလရှင်များအား ယမန်နေ့ မွန်းလွဲ(၁) နာရီ အချိန်မှစ၍ Booster Dose ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ သံဃာတော်များနှင့် သီလရှင်များအား ကာကွယ်ဆေး မှတ်တမ်းတွင် စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက ခေတ္တ အနားယူ စေခြင်း စသည့်တို့ကိုဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း စုစုပေါင်း (၂၆)ကျောင်းမှ အသက်(၁၈)နှစ်အထက် သံဃာတော် ၊ သီလရှင် (၂၀၃) ပါးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး