တာချီလိတ်မြို့၌ ထွေ/အုပ်မိသားစုက ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တာချီလိတ် ဧပြီ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌  ပြည်ထဲရေးဝန်ကြီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုက ဝမ်ကောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံ သဒ္ဓမ္မဝိဟာရသာမဏေကျော်စာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက် နာရီက ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဦးဆောင်သော ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော် ဦးဆောင်သော ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆန်(၁၀)အိတ်နှင့် နဝကမ္မအလှူငွေကျပ်(၁၅)သိန်းကျပ် ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။

ယာဆေး( ပြန်/ဆက်)