ဇမ္ဗူသီရိ ဧပြီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အလယ်တန်းအဆင့် စာအုပ်၊ စာစောင် ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့ရာ ဇမ္ဗူသီရိမြို့နယ် ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကလေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား တိုင်းရင်းသားရိုးရာ စာအုပ်များကို အသိပညာ ဗဟုသုတရရှိစေရန် ပြသခဲ့ပြီး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ထိုပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရ လက်ဆောင် များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)