ဇမ္ဗူသီရိ ဧပြီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထူအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစား စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Fitness Dance သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် (၁) နာရီက ဇမ္ဗူသီရိမြို့နယ်ရုံး လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Fitness Dance သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အားကစားနည်းပြဆရာမ ဒေါ်ချိုချိုစန်းက ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Fitness Dance သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်စပ်လျဉ်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား သင်တန်းသူများအား ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Fitness Danceကို လက်တွေ့ သင်ကြားပို့ချသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ(၂၁)ရက်မှ (၂၇)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)