ပင်းတယ ဧပြီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက Youth Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ယခုလို စာဖတ်တိုင်းကျင်းပ ရခြင်းနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက တိုင်းပြည်၏အနာဂတ်လူငယ်များဖြစ်တဲ့ ကလေးလူငယ်များအား ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သောလူတော်၊ လူကောင်းများဖြစ်လာစေရန်နှင့် စာပေကိုချစ်မြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ စာပေဖတ်ရှု့လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် နွေရာသီအားလပ်ရက်တွင် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာ မေကျော့ရှင်းရေးသားသည့် ကလေးတို့ရေ...လာကြ...လာကြ (တတိယတွဲ) စာအုပ်ကို ပင်းတယမြို့အတွင်းရှိ စာပေချစ်မြတ်နိုးသူကလေးသူငယ်များက အလှည့်ကျဖတ်ကြားခဲ့ကြပြီး၊ အဆိုပါကလေးသူငယ်များမှ စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများမှ မိမိတို့သိရှိလိုသည်များကိုအပြန်အလှန် ဝိုင်းဝန်းဆွေးခဲ့ကြရာ ဦးစီးအရာရှိမှ ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ပြီး၊စာဖတ်ဝိုင်းအပြီးတွင် ကလေးလူငယ်များ ဉာဏ်ရည်ထက်မြက်ပျော်ရွှင်မှုရရှိစေရန် ဂိမ်းကစားခြင်းများကိုလည်း ထည့်သွင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)